သုံးခွမြို့နယ်တွင် စာကြည့်တိုက်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

သုံးခွ  ဇန်နဝါရီ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်က မြို့နယ် အတွင်းမှာရှိတဲ့စာကြည့်တိုက်အားလုံး ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက်သော စာကြည့်တိုက်များ ဖြစ်စေရေး ဆွေးနွေးရာတွင်ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ရှင်သန်အောင် ဆောင်ရွက်နိုင် ရေးအတွက် စာကြည့်တိုက်ကော်မတီ၀င်နှင့် စာကြည့်တိုက်မှူးတို့ ဖွဲ့စည်းထားရှိရန် လိုပါကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရေးအတွက် မြို့နယ် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ၀င်များနှင့် ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များ တွေ့ဆုံ၍ စာကြည့်တိုက်များရှင်သန်ရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များကို တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပါကြောင်း စသဖြင့် ပြောကြားခဲ့သည်။

ယင်းနောက်မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ထွေးက သုံးခွမြို့နယ်အတွင်းတွင် စာကြည့်တိုက် (၂၇)တိုက်ရှိပြီး ရပ်ကွက်(၁)၊ကျေးရွာ (၂၆) တိုက် ရှိပါကြောင်း၊ ယင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့မြို့နယ် စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ဆွေးနွေးရခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် ပထမဆုံးဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်သည့် ရပ်ကွက်/ကျေးရွာရှိ စာကြည့်တိုက်များ စာကြည့်တိုက် မှတ်ပုံတင်ရေး ဆောင်ရွက်နိုင်ရန်အတွက် စာကြည့်တိုက်မှတ်ပုံတင် လျောက်လွှာ ပုံစံများကိုဖြန့်ဝေပြီး ဖြစ်ပါကြောင်း၊ ကျေးရွာ စာကြည့်တိုက် ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကိုလည်း လာမည့် သောကြာနေ့တွင် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ကိစ္စရပ်များအား ဆွေးနွေးပြောကြားမည်ဖြစ်ပါ ကြောင်းပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်နှင့် အဖွဲ့၀င်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)