ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများရှင်းလင်း

တွံတေး  ဇန်နဝါရီ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှစတင်၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းနှင့်ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လက်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ရက်တွင်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အုပ်ချုပ်ရေးမှူးအသစ်များ ၂၀၂၁ ခုနှစ် ဧပြီလ တစ်ရက် နေ့တွင် ပြန်လည်ရွေးချယ်ခန့်အပ် တာဝန်ထမ်းဆောင်နိုင်ရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ငန်းများ ပြီးစီးနိုင်ရေး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ အခန်း(၂) အပိုဒ်(၃) အပိုဒ်ခွဲ(က)နှင့် အညီရပ်ကွက် ကျေးရွာ ကျေးရွာအုပ်စုကြီးကြပ်ရေးအဖွဲ့ အားဥပဒေ၊ နည်းဥပဒေများနှင့်အညီရွေးချယ်သွားမည်ဖြစ်သည်။

အုပ်ချုပ်ရေး နည်းဥပဒေအပိုဒ် (၃)၊ အပိုဒ်ခွဲ(ခ)နှင့်အညီ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့များဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

တွံတေး မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၅) အုပ်စုရှိပြီး   လာမည့်အစိုးရသစ်ကာလအတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများတွင် ပြန်လည် တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးအသစ်များအား ပြည်သူများက ရွေးချယ်ရာတွင် တာဝန်ယူလို့စိတ်ဖြင့် အခွင့်အရေးကိုမကြည့်ဘဲ ရပ်ရွာအကျိုးကို ရှေ့ရှုဆောင်ရွက်နိုင်မည့် ရပ်ရွာအတွက် အမှန်တကယ်အကျိုးရှိမည့်သူများအား မှန်ကန်စွာရွေးချယ်ခန့်ထားနိုင်ရေး  မိမိတို့ တာဝန်ကျရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ရွေးချယ်မှု လုပ်ငန်းစဉ်များတွင် လွတ်လပ် ပွင့်လင်းမြင်သာမှုရှိကာ တရားမျှတမှုရှိစေရန် ဘက်လိုက်မှုမရှိ ကြီးကြပ်ဆောင်ရွက်ပေး သွားကြမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)