သတင်းများ

နောင်ချိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jan 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့်များ ဆောင်ရွက်သွားမည်
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာ(၁၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မက်မန်းမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မက်မန်းမြို့ မြို့ပတ်လမ်းဖောက်လုပ်နေမှုနှင့် မက်မန်း-ကောင်းလန်းလမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖောက်လုပ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မက်မန်းမြို့ မြို့ပတ်လမ်းဖောက်လုပ်နေမှုနှင့် မက်မန်း-ကောင်းလန်း လမ်းဖောက်လုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ် တည်ဆောက်မှုလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့တွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)များအင်တာနက် တပ်ဆင်အသုံးပြုနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)များ FIBER CABLE အင်တာနက် ဝိုင်ဖိုင်စနစ်တပ်ဆင်အသုံးပြုနိုင်ရေး FIBER To THE HOME အစီအစဉ်လုပ်ငန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
ဝိုင်းမော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်း ဆက်လမ်း(၈/၀)မိုင်အနက်(၁/၀)မိုင်ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Jan 13,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေသည့် စင်ကြိုင်-ဂူခန်ကျေးရွာချင်းဆက် လမ်း(၈/၀)မိုင် အနက် (၁/၀)မိုင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ဝိုင်းမော်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးမျိုးလွင်နှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဓာတုပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေးနှင့် GAP စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်များ ရှင်းလင်းဆွေးနွေး
Jan 13,2021
ပြည်ထောင်စုနယ်မြ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးတောင်သူများ ဟင်းသီး ဟင်းရွက်များအား ဓာတုပိုးသတ်ဆေးများ လျှော့ချသုံးစွဲရေးနှင့်GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်များရရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျားသေအိုင် ကျေးရွာအုပ်စု၊ ကျားသေအိုင်ကျေးရွာပိုင် သမဝါယမအဆောက်အဦတွင် ကျင်းပသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများရှင်းလင်း
Jan 13,2021
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှစတင်၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းနှင့်ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။