ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှုမဖြစ်ပေါ်စေရေး စက်ရေတွင်းတူး
Jan 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံး ရေရရှိရေးအတွက် ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင် (ဗမာ)ကျေးရွာ၌ ဆောင်ရွက်နေသည့် 4" စက်ရေတွင်း(တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။