လဲချားတွင် နောင်ပန်-ဝမ်ယိန်း/ပန်တန် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်
Jan 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် နောင်ပန်-ဝမ်ယိန်း/ပန်တန် ဆက်သွယ်ထားသည့်လမ်းသည် လမ်းအရှည် (၁၂/၄)မိုင်ရှိပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရိယာဖြစ်သော (၄/၄)မိုင် မြေသားလမ်းဖောက်လုပ်ခြင်းအား ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် (၂-၁၂-၂၀၂၀)တွင် စတင်ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ (၃၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။