ကျေးရွာဆက်သွယ်ရေးနှင့်ကုန်ထုတ်မြေသားလမ်အား ဂဝံခင်းကျင်းနေမှုနှင့် Box Culvert တည်ဆောက်မှုအား ကွင်းဆင်းစစ်ဆေး

 ခရမ်း    ဇန်နဝါရီ   ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်ခရမ်းမြို့နယ်အတွင်းရှိကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းအား ဂဝံ ခင်းကျင်းနေမှုများကိုယမန်နေ့ နေ့လယ် ၂ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဌာနတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ သည်။

 အဆိုပါကုန်ထုတ်လမ်းမှာ ခရမ်းမြို့နယ် ကင်မွန်းခြုံ ကျေးရွာ၏   ဆက်သွယ်ရေးနှင့် ကုန်ထုတ် လမ်းအား ၂၀၂၀-၂၀၂၁ ခုနှစ်ပြည် ထောင်စု ခွင့်ပြုရံပုံငွေဖြင့် နန်းမြို့တော်ကုမ္ပဏီမှ အရှည်ပေ( ၅၀၀၀ )အားအကျယ် ၁၂ ပေ ထု ၉ လက်မ ဖြင့် ဂဝံလမ်းခင်းကျင်း ခြင်းနှင့်( ၂၀×၆×၆ ) ပေရှိ Box Culvert ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါကျေးရွာဆက်သွယ်ရေးနှင့် ကုန်ထုတ်လမ်းပြီးစီးပါက ဒေသဆက်သွယ်ရေးနှင့် ဒေသထွက်ကုန် များအားအချိန်နှင့် တစ်ပြေးညီ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး ဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဒေသအတွင်းဖွံ့ဖြိုး တိုးတက်မှုများ ရရှိလာမှာဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဆောင်ရွက်နေမှုများကို ခရမ်းမြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးစတင်မျိုးလွင်နှင့် ဌာန တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး လုပ်ငန်းများ  အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး လမ်းညွှန် မှာကြားပေးခဲ့ ကြောင်းသိရှိရသည်။

ကိုမင်း ( ခရမ်း )