အင်္ဂပူ ဇန်နဝါရီ ၁၄
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြု လုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က အဖွင့်အမှာစကားနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများအား Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကျေး စာရေးဝန်ထမ်းများမှ သိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)