ဘောဂလိမြို့ ဖူးကြာထူးလမ်း အုတ်စီရေမြောင်းခင်းခြင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်း (၂၅) ရာခိုင်နှုန်း ပြီးစီး

ဘောဂလိ    ဇန်နဝါရီ      ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ရှိ  စည်ပင်သာယာရေးအဖွဲ့မှ   မြို့သန့်ရှင်း သာယာလှပရေးအတွက်  ရပ်ကွက်တွင်းရှိလမ်းများအား   ကွန်ကရစ်ခင်းခြင်း၊ ရေမြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများကို   ဘဏ္ဍာနှစ် အလိုက်  အကောင်အထည်ဖော်  ဆောင်ရွက် လျှက်ရှိရာ  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်တွင် ဘောဂလိမြို့  အမှတ်(၂) ရပ်ကွက်  ၊ ဖူးကြာထူးလမ်း  အုတ်စီရေမြောင်းနှင့်  မြောင်းဖုံးပြု လုပ်ခြင်းလုပ်ငန်း ကို  ဇန်နဝါရီလဆန်းတွင် စတင် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၂၅) ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်ကြောင်း  သိရှိရသည်။ 

အဆိုပါ  လုပ်ငန်းတွင်  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီစေရေးအတွက်  မြို့စည်ပင်သာယာ ရေး အဖွဲ့မှ  အနီးကပ်ကြီးကြပ်ဆောင်ရွက်လျှက်ရှိပြီး   အရှည်(၄၀၀)ပေ၊ အကျယ်(၁ပေခွဲ)၊ အမြင့်(၁ပေခွဲ)  ရှိပြီး  ခွင့်ပြုရန်ပုံငွေ  ကျပ်(၉.၇) သန်းရှိကြောင်းသိရှိရသည်။

နီလာအေး(ပြန်/ဆက်)