ရွှေဘို ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ ကျေးလက်ဒေသနေပြည်သူများနှင့် မွေးမြူထားရှိသည့် တိရစ္ဆာန်များအတွက်ပါ သန့်ရှင်းသော သောက်သုံးရေဖူလုံစေရေးအတွက် ရည်ရွယ်၍ ပြည်သူများ၏ တင်ပြချက်များ၊ ဌာနမှ တာဝန်ရှိသူများ၏ ကွင်းဆင်းလေ့လာတွေ့ရှိချက်များ၊ လွှတ်တော်ကိုယ် စားလှယ်များ၏ အကြုံပြုချက်များအရ သန့်ရှင်းသော သောက်သုံးရေ အမှန်တကယ်လိုအပ်သော ကျေးရွာများကို ဦးစားပေး အစီအစဉ်အလိုက် လျာထား ဆောင်ရွက်ပေး လျက်ရှိကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ငြိမ်းငြိမ်းအေးမှ ပြောကြားသည်။
ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရေဦးမြို့နယ်အတွင်းရှိ အင်းကြီး(ရှေ့)ကျေးရွာတွင် ပြည်ထောင်စု ခွင့်ပြုဘဏ္ဍာရန်ပုံငွေ (၆.၈၂)ကျပ်သန်းဖြင့် ဂါလံ (၂၄၀၀) ဆံ့ ကွန်ကရစ်ရေစင် တည်ဆောက ်ခြင်းနှင့် ဆင်ခြံကျေးရွာတွင်၊ ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေ (၁၂.၀၈) ကျပ်သန်းဖြင့် ၄"dia ၄၆၀’စက်ရေတွင်း၊ ဂါလံ(၂၀၀၀)ဆံ့ရေကန်၊ ရေစက်ရုံ တည်ဆောက်ခြင်းကို တင်ဒါအောင်မြင် သော Golden Moon Star ကုမ္ပဏီမှ လည်ကောင်း၊ အင်းကြီး(န) ကျေးရွာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၇.၄၅)ကျပ်သန်းဖြင့် ဂါလံ(၂၄၀၀)ဆံ့ ကွန်ကရစ်ရေစင် တည်ဆောက်ခြင်း၊ ပန့်ဆိုင်းကြိုး၊ Control Pannel လဲလှယ်ခြင်း တို့ကိုလည်ကောင်း၊အင်ပုထိုး ကျေးရွာတွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉.၃၅)ဖြင့် ၄”dia ၄၆၀’စက်ရေတွင်း၊ ဂါလံ(၂၀၀၀)ဆံ့ ရေကန်တည် ဆောက်ခြင်းကို တင်ဒါအောင်မြင်သော - TH Seven ကုမ္ပဏီမှ လည်ကောင်း အသီးသီး ဆောင်ရွက် သွားမည်။
ထို့အပြင် နွေရာသီတွင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါက လည်း ဆက်သွယ်အကြောင်းကြားနိုင်ရန် မိမိတို့ ဦးစီးဌာနမှ သက်ဆိုင်ရာနေရာဒေသအလိုက် ဆက်သွယ်ရမည့် ဖုန်းနံပတ်များကိုလည်း Online မှတဆင့် ကျယ်ပြန်စွာ အသိပေး ထားကြောင်းနှင့် သန့်ရှင်းသော သောက်သုံးရေ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် လည်း အစီအစဉ်များ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီးမှုးထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)