ဗန်းမောက်မြို့၌ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ပညာပေးဆွေးနွေးပွဲကျင်းပ

ဗန်းမောက် ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်းက လူကုန်ကူးမှု ဖြစ်ပွား စေသော အဓိက အကြောင်းများ၊ လူကုန်ကူးသူ၏ ပစ်မှတ်များ၊ အခြားနိုင်ငံများသို့ ရောင်းစား ခြင်းခံရမှုနှင့် ပတ်သက်၍လည်းကောင်း၊ ကသာခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်နိုင်ထွန်းက လူကုန်ကူးမှု အသုံးပြုနည်းလမ်းများ၊ လူကုန်ကူးမှုသည် နိုင်ငံတွင်းနှင့် နိုင်ငံရပ်ခြား နှစ်ခုလုံးတွင် ဖြစ်နိုင်သောအကြောင်းအရင်းများ၊ လူမှောင်ခိုမှုပြုရာတွင် နိုင်ငံတစ်ခု (သို့မဟုတ်) နိုင်ငံများ၏ နယ်နိမိတ်ကို တရားမဝင်ဖြတ်ကျော်မှုနှင့် နိုင်ငံအ‌ပေါ် ကျူးလွန်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရင်းများ၊ အမျိုးသမီးနှင့်ကလေးများအား စုဆောင်းတတ် သော လူပွဲစားများ၊ အခြားနိုင်ငံ၌ အလုပ်ရမည်ဆိုပြီး စည်းရုံးသူများနှင့် ပတ်သက်သည်များစသည့် အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများမှ လူကုန်ကူး ခံရမှုနှင့် ပတ်သက်၍ သိရှိလိုသည့်အချက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျော်စွာ(ဗန်းမောက်)