ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆက်သွယ်ရေး ကွန်ကရစ်လမ်းစတင်ရန် ဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် ကွန်ကရစ်လမ်း ခင်းကျင်းရန် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်နှင့် ဌာနတာဝန်ရှိသူများက လုပ်ငန်းများပြီးစီးမှုအလိုက် လိုက်လံ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ခရမ်းမြို့နယ်  ပိန်းကန်ကျေးရွာနှင့် မကျီးကန်ကျေးရွာ ဆက်သွယ်ရေးလမ်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်ရှိနေမှုများကို ခရမ်းမြို့နယ်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးနှင့် ခရမ်း မြို့နယ် ကျေးလက်ဒေသလမ်းဦးစီးမှူး ဒေါ်အိအိထွေး၊ SAE ဦးအောင်အောင်၊ လမ်းဦးစီး SAE ဦးအေးမျိုးထွန်းနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများ၊ မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြပြီး လုပ်ငန်း စဉ် များအလိုက် လိုအပ်ချက်များအား လမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)