ဖလမ်း ဇန်နဝါရီ ၁၄
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဖလမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က အလှူငွေလက်ခံရရှိမှုနှင့် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများ ခွဲဝေမှုအခြေအနေများကို ရှင်းလင်းသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မီးဘေးသင့် အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ စောင်၊ ကြက်ဥများနှင့် ထောက်ပံ့ငွေများကို လွှဲပြောင်းပေး အပ်သည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို ကလေးမြို့မှ ချူးရင့်စားသောက်ကုန်နှင့်အထွေထွေ ရောင်းဝယ်ရေးနှင့် ထွန်းဂရုကုန်စည် ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး မိသားစုတို့မှ မီးဘေးသင့် အိမ်ထောင်စု များအား ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဂျွန်