ခိုင်ကမ်းမြို့ လူထုအခြပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲပြုလုပ်

ခိုင်ကမ်း  ဇန်နဝါရီ ၁၄

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မူလတန်းလွန်အဆင့် ကလေးငယ်များ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်ခဲ့ပါသည်။

ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကျရောက်မည့် ပြနကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ် ၃၀ ပြည့် ပုလဲရတုကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

ပြိုင်ပွဲတွင် ကျောင်းသူ ကျောင်းသားများအား အတန်းအလိုက် သိသင့်သိထိုက်သည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ အကြောင်း၊ ပြည်နယ်နေ့များနှင့် ပြည်နယ်သင်္ကေတများအကြောင်း၊  မြန်မာနိုင်ငံ၏ မြို့တော်အမည်များ၊ သားသမီး ကျင့်ဝတ်၊ တပည့်ကျင့်ဝတ်များ၊ ပျော်စရာ ဉာဏ်စမ်းပဟေဠိများကို မြို့ဦးစီးမှူး ဒေါ်ဝုန်လွန်းညောင်မှ ဦးဆောင် မေးမြန်းခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)