မိုးညို ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင်ခရိုင် ကြီးကြပ်မှုကော်မတီ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ သည်၊ ဆက်လက်၍ ခရိုင်ကြီးကြပ်မှု ကော်မတီ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းထွန်းက အုပ်ချုပ်ရေး အဆင့်ဆင့် ဖွဲ့စည်းမှု အခြေအနေ အား Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ များနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ သိရှိလိုသည့် အချက်များကို မေးမြန်းကြရာ ပြန်လည် ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)