ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး‌ ဆောင်ရွက်ပြီးစီးနေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး

ခရမ်း ဇန်နဝါရီ  ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ အလယ်ရွာကျေးရွာ အုပ်စုအတွင်း ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမီးလင်းရေးဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ် နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမင်း၊ တိုင်း‌ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှတိုး၊ ခရမ်းမြို့နယ် လျှပ်စစ် မန်နေဂျာ ဦးစိုးနိုင်ဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးစည်သူ၊ လမ်းဦးစီးဌာန SAE ဦးအေးမျိုးထွန်းနှင့် ဌာနတာဝန်ရှိသူများက အလယ်ရွာကျေးရွာ၊ ညောင်ပင်ကန်ကွင်း၊ တက်ဆိုင်းကွင်း၊ အလယ်ကြော့တဲစုများသို့ လျှပ်စစ် မီးလင်းရေးအတွက် ဆောင်ရွက်ပြီးစီးနေမှု များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍  မီးလင်းရေးအတွက် ထပ်မံဖြည့်ဆည်းဆောင်ရမည့် အခြေ အနေနှင့် မြေပြင်အခက်အခဲများအား တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များကို‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင် များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက် အား လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)