မက်မန်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ခရိုင်စီမံကိန်း ရုံးမြေ ပြုပြင်ခြင်းကို ယနေ့ နေလယ် ၁၂ နာရီ အချိန်က မြို့နယ်တည်ဆောက်မှု လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မက်မန်းမြို့၊ ခရိုင်စီမံကိန်းရုံးမြေနေရာ မြေပြုပြင်ခြင်းလုပ်ငန်း ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဆန်းဆောင်ထွေး၊ စီမံကိန်းဦးစီးဌာန (လက်ထောက် ညွှန်ကြားရေးမှူး) ဦးထွန်းနေစိုး၊ လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြိို့ပြ) ဦးမိုင်းနိုင်နေလင်း၊ မြို့နယ်တည်ဆောက်မှုလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဝင်များနှင့် တင်ဒါအောင်မြင်သည့် မက်မန်း ဗလကုမ္ပဏီမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(ပြန်/ဆက်)