ထန်းတပင်၌ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်းနှစ်သောင်းကို (အခမဲ့) ဖြန့်ဝေပေးသွားမည်
Jan 14,2021
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင် ပေါင်းနှစ်သောင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား (အခမဲ့) ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။