ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

တံတား  ဇန်နဝါရီ  ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက တံတားမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကျောက်တန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက တက်ရောက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ ရွေးချယ်ရာတွင် ဘက်လိုက်မှု ကင်းရှင်းစေရေး၊ အချိန်မီပြုလုပ်နိုင်ရေး၊ ပြည်သူအားလုံး ပူးပေါင်းပါဝင်စေရေးနှင့် ပွင်းလင်းမြင်သာမှု ရှိစေရေးတို့အတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း(တံတား)