ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးအား ကြိုဆိုဂုဏ်ပြု

တန့်ယန်း  ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် မြို့နယ် ကိုယ်စားပြု သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း သူနာပြု(နှစ်)ဦးအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်း မိသားစုများက ယနေ့နေ့လယ်ပိုင်းတွင် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရန်အတွက် မြို့နယ်ကျန်းမာရေးဌာနမှ မြို့နယ် ကိုယ်စားပြု သွားရောက်၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ကျန်းမာရေးဝန်ထမ်း သူနာပြု (နှစ်)ဦးအား မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းကော်မတီမှ မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ အောင်ဇော်ဦးနှင့် ကျန်းမာရေးဝန်ထမ်း မိသားစုများက ကြိုဆိုဂုဏ်ပြု အားပေးစကား ပြောကြားကာ တာဝန် ရှိသူ များနှင့်အတူ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)