မင်းလှမြို့နယ်တွင် အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်
Jan 14,2021
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီမှ မင်းလှမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီနှင့် အားကစားကလပ်များအား သင်တန်းနှင့် သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြု ပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။