ကမမောင်း ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊အမှတ်(၄) ရပ်ကွက်ရှိ ကိုနဝင်းဘုန်းတော်ကြီးကျောင်းတွင် ရပ်ဝေးကျေးရွာ များမှ ပညာသင်ယူရန်လာရောက် နေထိုင်လျက်ရှိသည့် ကျောင်းသား၊ကျောင်းသူ လူငယ်လေးများအား ကွန်ပျူတာ အခြေခံသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံပညာသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ ယာယီ ပိတ်ထားရသဖြင့် ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၌နေထိုင်၍ တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၊ အခြေခံပညာ သင်ကျောင်းများသို့ တက်ရောက်ပညာသင်ကြားရန်အတွက် စောင့်ဆိုင်း နေကြသော ဝေးလံခေါင်ဖျား ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းပိတ် ထားသည့် ကာလအတွင်း အကျိုးရှိသော အခြေခံကွန်ပျူတာ သင်တန်းကို ကမမောင်းမြို့၊ အခြေချဗျူဟာမှ ဆက်သွယ်ရေးဗိုလ်ကြီး ကျော်လင်းဟန်က အခမဲ့သင်ကြားပို့ချပေး လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဖွင့် လှစ်ထားပြီး ရက်သတ္တပတ် လျှင် တနင်္လာနေ့မှ စနေနေ့အထိ (၆)ရက်တာသင်ကြားပေးလျှက်ရှိပြီး၊အဖွဲ့ နှစ်ဖွဲ့ခွဲ၍ သင်ကြား ပေးလျက်ရှိကြောင်း၊ တစ်ဖွဲ့လျှင် သင်တန်းသား(၂၈)ဦး ရှိကြောင်း၊တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ အဖွဲ့တစ်ဖွဲ့၊ကြာသပတေးနေ့ မှ စနေနေ့အထိ အဖွဲ့တစ်ဖွဲ့ခွဲထားပြီး စုစုပေါင်းသင် တန်းသား၊ သင်တန်းသူ(၅၆)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)