လှိုင်းဘွဲမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်
Jul 13,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း လယ်ယာမြေများ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက လှိုင်းဘွဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ဝါးခုတ်တောကျေးရွာ၊ တောင်သူဦးမောင်ဝင်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ခင်း၌ ပိုက်ဆံလျှော်ပင်များကို ထယ်ထိုးမြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။