မြို့သစ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှု
Oct 06,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။