သတင်းများ

ကျောက်တံခါးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jul 13,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖဒိုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ နားလင်လိုင်ကျေးရွာအတွင်းဆောင်ရွက်သည့် ကျောက်ခင်းလမ်း ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jul 13,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ နားလင်လိုင်ကျေးရွာအတွင်း ဆောင်ရွက်သော ကျောက်ခင်းလမ်းပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နတ်မောက်မြို့၌ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းသရုပ်ပြသ
Jul 13,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူပေါင်း၍ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော
Jul 13,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဘော်ကြိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့နယ်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Jul 13,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၁၀ ရက်နေ့နံနက် ၈ နာရီအချိန်က ဟင်္သာတမြို့ ပခန်းရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းနားဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်၌ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာ​ပေး​ ဟောပြော
Jul 13,2026
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း​ရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ​ပေး‌ဟောပြောခြင်းကို မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်(ချောက်)မှ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ ယနေ့နံနက်(၉)နာရီမှ စတင်ကာ အ.ထ.က(၁)နှင့် အ.ထ.က(၄)ခန်းမတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုင်းလပ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြာပြိုင်ပွဲ ကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅) တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အမှတ် (၅) တွင် ကျင်းပခဲ့သည်။