ပင်လောင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ ကိုဗစ် - ၁၉ ရောဂါမှ ကင်းဝေးနိုင်စေရေးရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများအား Pfizer အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ရုံးဝင်းရပ်ကွက်၊ ဘက်စုံသုံခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ နိုင်ငံ့ဝန်ထမ်းများအား (Pfizer) ကာကွယ်ဆေး (၁) ပုလင်းကို လူ (၆) ဦးထိုးနှံပေးလျက်ရှိပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်