လသာ ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက်ပိုင်းအချိန်တွင် သွေးတိုးဆီးချိုလူနာများအား ကြည့်ရှုစစ်ဆေးကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၏ လမ်းညွှန်မှုဖြင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူနာများအား သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ် စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းများအပြင် Chair exercises များ ပြုလုပ်စေကာ ကိုယ်လက်လှုပ်ရှားမှုမြှင့်တင်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် တီဘီရောဂါနှင့် အနာကြီးရောဂါများအတွက် screening စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများ၏ ဓာတ်ပုံမှတ်တမ်းများအား ပြည်သူများသိရှိနိုင်ရန် တင်ပြထားကြောင်း သိရသည်။
နေလင်း (ပြန်/ဆက်)