သတင်းများ

မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းဆောင်ရွက်
Jul 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ နန္ဒာသိန်းဇံ၏ "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း " စာအုပ်ကို ယမန်နေ့ နံနက် ၁၀နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
မကွေးမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်လှစ်
Jul 13,2026
မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တူ‌ရောင်းဝယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသောငွေကြေးဝါချမှုနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ထိန်ထိန်သာဟိုတယ်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္ထုရောင်း၀ယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေ၀င်းက အဖွင့်အမှာစကားပြောကြားသည်။
နတ်မောက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 13,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းရယ်မြိုနယ် အ.မ.က-၄တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 13,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်သည်။
ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ သဘာ၀ဘောအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် Royal-D တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ် (၁၆၈) ရပ်ကွက် ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ လင်းခေးမြို့နယ်အတွင်း ပညာရေး၊ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 13,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ဦးနှောက်အ‌မြှေးရောင်ကာကွယ်ရေး အသိပညာပေးဟောပြာပွဲ ကျင်းပ
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရးဦးစီးဌာနမှ ဦးနှောက်အမြှေးရောင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အလယ်ရွာကျေးရွာတွင် ကျင်းပခဲ့သည်။