သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား
Oct 06,2025
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးနှင့် အခြားသောတန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့်လည်းကောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းအနီးအနောက်ဘက်ကန်သာယာနှင့် အရှေ့ဘက်ကန်သာယာတို့ရှိ ပြည်ထောင်စုရင်ပြင်၊ လွတ်လပ်ရေးရင်ပြင် တို့အပြင် ကျောက္ကာလမ်းအနီးရှိ ပြည်သူ့ဥယျာဥ်တို့တွင် အများပြည်သူ အပန်းဖြေလာရောက်ကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။