သတင်းများ

သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းကျဆင်းသည့်အတွက် ဈေးကောင်းရရှိရန် မျှော်လင့်
Sep 10,2025
ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ်   ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊  တညှင်း၊ ဒူးရင်း၊  ကော်ဖီ၊ မင်းကွတ်  စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ယခုနှစ်တွင် မြေပြိုမှုကြောင့်  ဉယျာဉ်ခြံမြေများပျက်စီးခြင်း၊  မိုးများပြီးဖာလာအသီးများ ပျက်စီးခြင်းတို့ကြောင့် ချဉ်ပေါင်ဖာလာသီးများ အထွက်နှုန်းလျော့နည်းသည့်အတွက်  ဈေးကောင်း ရရှိရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေး
Sep 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် (၁၂) နာရီကျောင်းဆင်းချိန်နှင့် ညနေ (၃:၃၀) နာရီ ကျောင်းဆင်းချိန်များတွင် ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်/ စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် တောင်ပေါ်ငရုပ်သီးစိမ်းများ ဈေးကောင်းရရှိ
Sep 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မိမိတို့၏ တောင်ယာခင်းများတွင် ငရုပ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိနေကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် တောင်နောက်ကျေးရွာတွင် ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွား
Sep 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ တောင်နောက်ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နေ့နံနက် ၁၀ နာရီခန့်က ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ပြုလုပ်
Sep 10,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြင်းခြံခရိုင်၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိ ပညာပေး နံရံကပ်စာစောင်ပြသ
Sep 10,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာအမြတ်ထုတ် စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၊ ကစို‌ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ ငလျင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 10,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုရှိ အ.လ.က (ခွဲ) ဝင်းကမော့နှင့် မူလွန်ငှက်ပျော‌တောတို့၌ ငလျင်ဘေး အန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများအား ကျောင်းသားလူငယ်များတို့မှ အသိပညာရရှိရန် ရည်ရွယ်၍ စက်တင်ဘာ ၉ ရက်နေ့က အသိပညာပေးဟောပြောပွဲ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။   
မင်္ဂလာဒုံမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID (Smart Cards) များ မြေပြင်ကွင်းဆင်းဆောင်ရွက်
Sep 10,2025
လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဇီဝဆိုင်ရာအချက်အလက်များ စိစစ်ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းတို့ကို ယ‌မန်နေ့ နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက်နှင့် ပစံပြရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။