လှိုင်းဘွဲမြို့နယ်၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြုပ်ခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

လှိုင်းဘွဲ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း လယ်ယာမြေများ၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီက လှိုင်းဘွဲမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ဝါးခုတ်တောကျေးရွာ၊ တောင်သူဦးမောင်ဝင်း၏   သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ခင်း၌ ပိုက်ဆံလျှော်ပင်များကို ထယ်ထိုးမြေမြှုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ သာယာကုန်းကျေးရွာ၊ ကပ္ပလီကျေးရွာ၊ ဝါးခုတ်တောကျေးရွာနှင့် လက်ခတ်ကျေးရွာများမှ တောင်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဒေါ်နန်းဝတ်ရည်စမ်းမှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းကြောင့် မြေဆီလွှာအတွက်  မြေဆီမြေဩဇာများ ပိုမိုကောင်းမွန်လာပြီး ဓါတ်မြေဩဇာများထက်များစွာ အကျိုးပြုကြောင်း၊ သဘာဝမြေဩဇာဖြစ်သည့်အတွက် လယ်ယာမြေများတွင် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ဓါတ်မြေဩဇာများ သုံးစွဲမှုလျော့ချခြင်းဖြင့် လယ်ယာမြေများ ထိခိုက်ပျက်စီးမှု နည်းပါးလာခြင်း၊ ငွေကြေးကုန်ကျမှုစရိတ်နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)