ရပ်စောက် ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် အ.ထ.က(၁)ကျောက်စိမ်းခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနသည် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ အသင်းသား(၁၂၀၇)ဦးရှိပြီး အသင်သား(၈၃၆)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် အသင်သားများအား အစည်းအဝေးစရိတ်(၁၁၀၀၀) ကျပ်ထောက်ပံပေးခဲ့ပါသည်။
အခမ်းအနားတွင် ဂျီအီးစီ(ပညာရေးဝန်ထမ်းများ) သမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌ ဒေါ်တင်ဌေးက အမှာစကားပြောကြားပါသည်။ ထို့နောက် ရပ်စောက်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဥ်နှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ အသင်းစာရင်းစစ်အစီရင်ခံစာ၊ အသင်းစည်းကမ်းပြင်ဆင်သည့်အမှာစာတို့ကို ဖတ်ကြားတင်ပြခဲ့ကာ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။ ထို့နောက် Grade 12 တွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် အသင်းသားများ၏ သားသမီး (၉)ဦးအား ဂုဏ်ပြုဆုငွေကျပ် (၇၈၀၀၀၀)ကျပ် ပေးအပ်ခဲ့ကြောင်းနှင့် နှစ်အတွင်းအသင်းသားများ၏ စုဆောင်းပေါ်အတိုးကျပ် (၃၁၅ )သိန်း ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်ပြန်/ဆက်