သတင်းများ

အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awareness Campaign) အရ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jul 13,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးကကြီးမှူးကျင်းပသော “အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awareness Campaign) အရ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ"ကို ယနေ့နံနက် ၁၀ နာရီခွဲက နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသက်ဆိုင်အောင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ စုစုပေါင်း အင်အား( ၂၀၀ )ဦးခန့် တက်ရောက်ကြသည်။
ဆိပ်ဖြူမြို့၌ မြို့ပတ်လမ်းဖောက်လုပ်ခြင်းနှင့် ကျားကိုက်ချောင်းရေစီးရေလားကောင်းမွန်းရေး ဆောင်ရွက်မှုလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်
Jul 13,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၌ ဆောင်ရွက်လျက်ရှိသည့် မြို့ပတ်လမ်းဖောက်လုပ်ခြင်းနှင့် ကျားကိုက်ချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက်ချောင်းအရင်းရှိ ခြုံနွယ်များရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂ဝ၂၆) ဖွင့်လှစ်
Jul 13,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်းအမှတ် (၁/၂ဝ၂၆) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးရှိ ခန်းမတွင် ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စန်းနိုင်ထွန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ငွေဆောင်မြို့၌ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊Kumming Vocational University of Science and Technologyနှင့် ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင် တန်းကျောင်းတို့ ပူးပေါင်းစီစဥ်ဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သည့် တရုတ်အစားအစာချက်ပြုတ်နည်း သင်တန်းဖွင့်
Jul 13,2026
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ကဏ္ဍကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာခရီးသွားဧည့်သည်များကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Kunming Vocational University of Science and Technologyနှင့် ဖူးကျင့်နိုင်ငံတကာဘာသာ စကားသင်တန်း ကျောင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သည့် တရုတ် အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ အမှတ်( ၃ )ရပ်ကွက်၊ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ရေကန်(၃၀၂)လုံးဆောင်ရွက်ပေး
Jul 13,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘာဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိသုံးစွဲနိုင်ရေး ရေကန်ပေါင်း(၃၀၂)လုံးအား ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် "ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား" စာအုပ်ဖြင့် Youth Club စာဖတ်ဝိုင်းကျင်းပ
Jul 13,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် "ကိုယ်ပိုင်လား အငှားလား ကိုယ်တိုင်တည်ဆောက်ယူမှာလား" စာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူများနှင့် Youth Club စာဖတ်ဝိုင်းကို ယနေ့နေလယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့ အ.မ.က(၂)ကျောင်း၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ
Jul 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊‌ မော်လိုက်ခရိုင် မော်လိုက်မြို့၌၊ ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးရေးအာဟာရ ဖြည့်စွက်စာအဖြစ် ငှက်ပျောသီးကျွေးမွေးနိုင်စေရေးအတွက်  ရည်ရွယ်၍ ငှက်ပျောပင် စိုက်ပျိုးပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က  အမှတ်(၂) အခြေခံပညာမှုလတန်းကျောင်းဝင်း၌ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 13,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က (ပလိပ်)ခန်းမ၌ ကျင်းပခဲ့သည်။