သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးလျက်ရှိ
Apr 21,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဧပြီ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍  မြို့နယ်ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်တွင် စတင်ထိုးနှံပေးလျက် ရှိသည်။
မိတ္ထီလာ၌ လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်များ ပျက်စီးခဲ့သည့် အိမ်ထောင်စု ၇၉ စုအား ထောက်ပံ့ငွေများပေးအပ်
Apr 21,2021
မိတ္ထီလာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုသဘာဝဘေးကြောင့် လူနေအိမ်များ ခေါင်မိုးလန် ပျက်စီးဆုံးရှုံးခဲ့သည့်ကျေးရွာ ၄ ရွာမှ အိမ်ထောင်စု ၇၉ စုအား ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူထံက သိရသည်။
နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်
Apr 21,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက် လုပ်ကိုင်ကြသည်။
သာစည်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ထိခိုက်ပျက်စီး
Apr 21,2021
သာစည်မြို့နယ်တွင် ဧပြီ ၁၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်ကလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၁၃ စုမှကျေးရွာ ၃၂ ရွာတွင် လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းမျာ၊ စာသင်ကျောင်းများနှင့်ဓမ္မာရုံတို့ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
တောင်ငူ၌ အငြိမ်စားပင်စင် လစာထုတ်ယူသူများ ဘဏ်လုပ်ငန်းချိန်များတွင် အဆင်ပြေစွာ ထုတ်ယူလျက်ရှိ
Apr 21,2021
တောင်ငူ၌ အငြိမ်းစားပင်စင်လစာများ ထုတ်ယူသူများကို ဘဏ်လုပ်ငန်းချိန်များအတွင်း အဆင်ပြေ ချောမွေ့ စွာ ထုတ်ယူနိုင်ရေးအတွက်ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး ဒေသတွင်းမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Apr 21,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး၊ အဖွဲ့ဝင်(၅)ဦးဇော်ဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးမြှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဘားအံမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေး ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် မိုးရာသီကာလစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၄၀၀၀၀ စိုက်ပျိုးထား
Apr 21,2021
ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင်အထည် ဖော်နိုင် ရန် အတွက် မြစ်သားမြို့နယ်ရှိ မြို့မယာယီပျိုးဥယျာဉ်နှင့် ရေအေးဆိပ်ယာယီ ပျိုးဥယျာဉ် တို့တွင်မိုးရာသီကာလ သစ်ပင်များ စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၄၀၀၀၀) ပျိုးထောင် စိုက်ပျိုးထားရှိကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အနီးရှိ Transformer မီးလောင်မှုဖြစ်ပွား
Apr 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၃၃၁၀၂) အနီးရှိ Transformer တွင် ယမန်နေ့၊ ည ၁၀ နာရီ ၁၀ မိနစ် ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။