သတင်းများ

မိုးမိတ်မြို့နယ်တွင် အသက် (၆၅) နှစ် အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ် ပြည်သူ့ဆေးရုံ ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ထန်းတောကြီးကျေးရွာနှင့် ဆည်ပိတ်ကျေးရွာတို့တွင် ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် မြေသားရေလှောင်ကန်များ တူးဖော်ပြီးစီး
Apr 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ထန်းတောကြီးကျေးရွာနှင့် ဆည်ပိတ်ကျေးရွာတို့တွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သော မြေသားမိုးရေ လှောင်ကန်တူးဖော်ခြင်လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်နှင့့်ငွေများ ထောက်ပံ့ပေးအပ်
Apr 21,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ IDPs စခန်း (၁၇)ခုတို့မှ  နေရပ်စွန့်ခွာအိမ်ထောင်စု (၂၁၄၁)စုတို့အတွက် ဆန်အိတ်များနှင့် ထောက်ပံ့ ငွေများကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ဝိုင်းမော်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၊ တေဇခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒလမြို့နယ်၌ သောက်သုံးရေရှားပါးသော ကျေးရွာသို့ သောက်သုံးရေသန့်များ လှူဒါန်းပေးဝေ
Apr 21,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ နှစ်စဉ် နွေရာသီကာလအတွင်း သောက်သုံးရေကန်များ ခန်းခြောက်လာခြင်းကြောင့် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ဖြစ်ပေါ်လျက် ရှိသော ရပ်ကွက်များနှင့် ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလျက်ရှိရာ ယမန်နေ့ နံနက်က ရေရှားပါးသော သပြေကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ရေသန့်ဘူးများ လာရောက် လှူဒါန်း‌ခဲ့‌ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Apr 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံပေး
Apr 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သံဃာ တော်များ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို  ဒုတိယ အကြိမ် ထပ်မံထိုးနှံပေးမှုများကို ဧပြီ ၁၂ ရက်နေ့တွင် ပြန်လည် စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နမ့်စန်မြို့ရှိမြို့ဦးဘုန်းတော် ကြီးကျောင်းအား ဆွမ်းဆန်တော် လှူဒါန်း
Apr 20,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၀)နာရီကလွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။