သတင်းများ

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဘားအံမြို့နယ်အတွင်းရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်းများမှ အကျဉ်း သား/သူ ၆၆၀ ဦး လွှတ်ငြိမ်းသက်သာခွင့်ရရှိ
Apr 17,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အကျဉ်းထောင်နှင့်အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၆၆၀ ဦးအား ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ ကျင်းပ
Apr 17,2021
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နှစ်စဉ်မပျက် ကျင်းပသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားမြို့၌ ယမန်နေ့(၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
ဘားအံ၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Apr 17,2021
မြန်မာတိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို  အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်သောအားဖြင့် မြန်မာနှစ်ဆန်း ၁ ရက် ယနေ့နံနက်ပိုင်းက သက်ကြီးပူဇော်ပွဲ အလှူတော်မင်္ဂလာနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲတို့ကို ဘားအံမြို့ ဇွဲကပင်ခန်းမနှင့် ကန်သာယာတို့၌ ကျင်းပခဲ့သည်။
ဗိုလ်တထောင် စေတီတော်မြတ်ကြီးတွင် နှစ်ဆန်း(၁)ရက်နေ့၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
Apr 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသော ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးအား မဟာသင်္ကြန်ကာလဖြစ်သော ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ဘုရားဖူးမြော်ခွင့်ပိတ်ထားပြီး ယနေ့မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သော ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
မိုင်းဆတ်မြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲနှင့် ဇီဝိတဒါန ငါးလွှတ် ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကြီးအောင်ခန်းမနှင့် နမ့်ခုတ်ချောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် အကျဉ်းသား အကျဉ်းသူ(၄၆၅)ဦးအား လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေး
Apr 17,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ စုစုပေါင်း(၄၆၅)ဦးအား မြန်မာ နှစ်ဆန်း (၁)ရက်နေ့ ဧပြီလ(၁၇)ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် နှစ်ဆန်းတစ်ရက်နေ့၌ ဘုရားဖူးများနှင့် စည်ကားလျက်ရှိ
Apr 17,2021
ကျောက်ဆည်မြို့တန်ခိုးကြီးဘုရားများတွင် နှစ်ဆန်းတစ်ရက်နေ့၌ ဘုရားဖူးများနှင့် စည်ကား လျှက်ရှိကြောင်း သိရှိရပြီး ရပ်ကွက်များတွင်လည်း စတုဒီသာကျွေးသူများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။