သာစည် ဧပြီ ၂၁
သာစည်မြို့နယ်တွင် ဧပြီ ၁၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်ကလေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၁၃ စုမှကျေးရွာ ၃၂ ရွာတွင် လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းမျာ၊ စာသင်ကျောင်း များနှင့်ဓမ္မာရုံတို့ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကြက်မောက်ကျေးရွာအုပ်စု၊ ကန်သစ်ကျေးရွာအုပ်စု၊ လူးကုန်းကျေးရွာ အုပ်စု၊ ညောင်ရမ်း(မြို့မ)အုပ်စု၊ညောင်ရမ်း(ဈေး)အုပ်စု၊ အပျောက်ကျေးရွာအုပ်စု၊ ကန့်ဖြူကျေးရွာ အုပ်စု၊ ဆင်ဝင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ ဟင်းခွက်အိုင်ကျေးရွာအုပ်စု၊ မကျီးခွကျေးရွာအုပ်စု၊ အင်းရွာကျေးရွာအုပ်စုနှင့် ညောင်တိုကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စု ၁၃ စုရှိကျေးရွာ ၃၂ ရွာမှလူနေအိမ် ၃၇၈ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်း၊ ဓမ္မာရုံ ၁ ရုံနှင့် စာသင်ကျောင်း ၂ ကျောင်းတို့တွင် သွပ်ချပ်ပေါင်း ၄၈၇၇ ချပ်အမိုးလန်ခဲ့ပြီး လူနေအိမ် ၇ လုံး ပြိုကျမှုများဖြစ်ပွားကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းအဆောက်အဦ ၃၉၉ လုံးထိခိုက်ပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၃,၅၇၂,၁၂၀၀ ဖြစ်ကြောင်းသိရပြီး လူနှင့်တိရစ္ဆာန်များထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)