မိတ္ထီလာ၌ လေပြင်းတိုက်ခတ်မှုကြောင့်နေအိမ်များ ပျက်စီးခဲ့သည့် အိမ်ထောင်စု ၇၉ စုအား ထောက်ပံ့ငွေများပေးအပ်

မိတ္ထီလာ  ဧပြီ ၂၁

မိတ္ထီလာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုသဘာဝဘေးကြောင့် လူနေအိမ်များ ခေါင်မိုးလန် ပျက်စီးဆုံးရှုံးခဲ့သည့်ကျေးရွာ ၄ ရွာမှ အိမ်ထောင်စု ၇၉ စုအား ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူထံက သိရသည်။

လေပြင်းတိုက်ခတ်မှုသဘာဝဘေးကြောင့် လူနေအိမ်များ ခေါင်မိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် အင်း၊ ဇရပ်ကုန်း၊ မြောက်လည်နှင့် ကျောက်ဖူးကျေးရွာ  ၄ ရွာမှ အိမ်ထောင်စု ၇၉ စု လူဦးရေ ၃၆၇ ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ  ၃,၉၇၂,၉ဝဝ ကျပ် ၊ ဆန်ဖိုးငွေ ၇၇ဝ၇ဝဝ ကျပ် စုစုပေါင်းထောက်ပံ့ငွေ ၄,၇၄၃,၆ဝဝ ကျပ်ကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

သက်ဆိုင်ရာအိမ်ထောင်စုများထံသို့ ပေးအပ်နိုင်ရန် အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့  ထောက်ပံ့ငွေများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်သီသီချို တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စု ၇၉ စုမှာ ဧပြီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှု သဘာဝဘေးကြောင့် လူနေအိမ်များခေါင်မိုးလန် ပျက်စီးဆုံးရှုံးခဲ့ခြင်း ကြုံတွေခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်