နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်

နတ်တလင်း  ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက် လုပ်ကိုင်ကြသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ မြို့ပေါ်လေးရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများက ကြီးကြပ်၍ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်သော သာသနာ့နွယ်ဝင် သံဃာတော်များ သီလရှင်များနှင့် နိုင်ငံ ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

မြို့နယ်-ပြန်/ဆက်