တောင်ငူ၌ အငြိမ်စားပင်စင် လစာထုတ်ယူသူများ ဘဏ်လုပ်ငန်းချိန်များတွင် အဆင်ပြေစွာ ထုတ်ယူလျက်ရှိ

တောင်ငူ ဧပြီ ၂၁

တောင်ငူ၌ အငြိမ်းစားပင်စင်လစာများ ထုတ်ယူသူများကို ဘဏ်လုပ်ငန်းချိန်များအတွင်း အဆင်ပြေ ချောမွေ့ စွာ ထုတ်ယူနိုင်ရေးအတွက်ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့နယ်အတွင်း အငြိမ်းစားပင်စင်ထုတ်ယူသူများကို လစဉ် (၂၁) ရက်နေ့မှစ၍ ဘဏ်ဖွင့်သည့် ရက်များတွင် ဘဏ်လုပ်ငန်းချိန်များ အတိုင်း ထုတ်ယူနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်စရိတ်များထုတ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် သတ်မှတ် ထားသည့် နေ့ရက်များအတိုင်း ပုံမှန်လစာထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာထံ မှ သိရသည်။