မြစ်သားမြို့နယ်တွင် မိုးရာသီကာလစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၄၀၀၀၀ စိုက်ပျိုးထား

မြစ်သား         ဧပြီ  ၂၁

ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ် သစ်တောဦးစီးဌာနတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုစီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းအကောင်အထည် ဖော်နိုင် ရန် အတွက် မြစ်သားမြို့နယ်ရှိ မြို့မယာယီပျိုးဥယျာဉ်နှင့် ရေအေးဆိပ်ယာယီ ပျိုးဥယျာဉ် တို့တွင်မိုးရာသီကာလ သစ်ပင်များ  စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း (၄၀၀၀၀) ပျိုးထောင် စိုက်ပျိုးထားရှိကြောင်းသိရသည်။

အဆိုပါပျိုးပင်များကို မိုးရာသီကာလတွင် စိုက်ပျိုးရန်အတွက် မြစ်သားမြို့နယ်ရှိ ယာယီပျိုးဥယျာဉ် တို့တွင်  ကျွန်း၊ ယူကလစ်၊ တမာ၊ မယ်ဇလီ၊ ယင်းမာ၊ စိန်ပန်း၊ ကုက္ကိုလ်၊ လျော်ဖြူနှင့် ရှားစသည့် သစ်မျိုးပေါင်း မျိုး၊ ပျိုးပင်စုစုပေါင်း(၄၀၀၀၀) စိုက်ပျိုးထားကြောင်းသိရသည်။

မြစ်သားမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်ကျင်စိမ်းလန်းစိုပြေစေရေး အတွက်  ပျိုးပင်များကို စိုက်ပျိုးနိုင်ရန် ပြည်သူများအား အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြမြမွန်