ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးလျက်ရှိ

မောင်တော  ဧပြီ ၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဧပြီ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍  မြို့နယ်ပြည်သူ့ဆေးရုံနှစ်ထပ်ဆောင်တွင် စတင်ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများအား လာရောက် ထိုးနှံသည့် ဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး   ထိုးနှံပြီးသည့်သူများကို   မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြသည်။

မောင်တောမြို့နယ်ရှိ  နိုင်ငံဝန်ထမ်းများနှင့်  အသက် ၆၅ နှစ်အထက် ပြည်သူများအား သတ်မှတ်ရက်များအလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မောင်တောမြို့နယ် အတွင်း ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံပေးရာတွင်  လူဦးရေစုစုပေါင်း  (၆၉၃၆) ဦးအားထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း  မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။

သက်လွင်စိုး