မိုင်းယောင်း ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူသည် ယနေ့နံနက်ပိုင်း က မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဝမ်ပုံကျေးရွာ မူလတန်းကျောင်းဆောင်သစ်၊ ဝမ်နားမြက်ကျေးရွာ မူလတန်းကျောင်းဆောင်သစ်နှင့် ဝမ်ကောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ အရည်အသွေး မပြည့်မီသော အုတ်များ၊ ပစ္စည်းများ မသုံးရန်နှင့် အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း