အထက်မင်းလှ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ဦးကင်းဘုရား ဓမ္မာရုံ တွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ထိုးနှံပေးကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများပြုလုပ်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မင်းလှမြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပုလင်းအလုံးရေ ၆၀၀ ရရှိထားခြင်းဖြစ်ပြီး၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ (၆၇၆၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)