ပြင်ဦးလွင်မြို့၌ ဒေသထွက်ခရမ်းချဉ်သီးများ စျေးကောင်းရရှိသဖြင့် ခရမ်းချဉ် စိုက်တောင်သူများ အဆင်ပြေနေ

ပြင်ဦးလွင်  ဧပြီ  ၂၂

ပြင်ဦးလွင်မြို့မှဒေသထွက် ခရမ်းချဉ်သီး များစျေးကောင်းရရှိသဖြင့်ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်  ရှိကြောင်းသိရသည်။

ဒေသထွက်ခရမ်းချဥ်သီးများကို ပြင်ဦးလွင်မြို့ရှိ ကျိုင်းတောင်း၊ မျှင်တောင် စသည့်ရွာများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ယခုနှစ်တွင်ပို စျေးကောင်းရပြီး သကြန်ပြီးချိန်မှစ ပွဲရုံသွင်းစျေးပိုကောင်းလာကြောင်း၊ တပိဿာ ကျပ် ၆၅၀၊ ၇၀၀ခန့် သွင်းစျေးရှိကြောင်း ခရမ်းချဉ်သီး စျေးကောင်းတဲ့အတွက် တောင်သူများပိုမိုအဆင်ပြေလျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူ တစ်ဦးမှပြောသည်။

 "လက်လီရောင်းစျေးအနေနဲ့ ​ဒေသထွက် ခရမ်းချဉ်က တစ်ပိဿာ ကျပ် ၁၀၀၀ လောက် နဲ့ မုံရွာဘက်ကလာတာက တစ်ပိဿာ ၁၃၀၀ ကနေ ၁၅၀၀ ထိရောင်းရပါတယ်"ဟု မြို့မစျေးကြီးတွင်းရှိ သီးနှံစုံရောင်းချသူ မသူဇာကဆိုသည်။

မြတ်ဆုမွန် (ပြန်/ဆက်)