အထက်မင်းလှ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား ပြည်သူများအား ဧပြီ ၂၁ ရက် နံနက်ပိုင်းက စတင်၍ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘဏ်အတွင်းသို့ ဝင်ရောက် ရာတွင် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်စေခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေဖြင့် စနစ်တကျဆေးစေခြင်းနှင့် ပင်စင်လစာငွေများထုတ်ပေးရာ၌ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျဖြင့် ထုတ်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ပင်စင်စားပြည်သူ (၁၇၁၇)ဦးရှိပြီး ဧပြီ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ နေ့စဉ်နံနက် (၇)နာရီမှ မွန်းလွဲ(၂)နာရီ အထိ ပင်စင်လစာ ငွေများထုတ်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား မေလဆန်းတွင် ဘဏ်လုပ်ငန်းအချိန်အတွင်း၌ ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်တင်တင်ဌေးထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)