မောင်တော ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သယံဇာတ နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်း အကောင်အထည် ဖော်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ (၅)မိုင်ပျိုး ဥယျာဉ်တွင် သစ်ပင်များ စိုက်ပျိုးထားရှိကြောင်း သိရသည်။
မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် ကျွန်း(၇၀၀၀)ပင်၊ ပျဉ်းကတိုး (၇၀၀၀)ပင်၊ မန်ဂျန်ရှား(၁၃၀၀၀)ပင်၊ ကဗွီး(၃၀၀၀)ပင်၊ ရေတမာ(၃၀၀၀)ပင်၊ မဟော်ဂနီ(၃၀၀၀)ပင်၊ သမဲကြီး(၂၀၀၀)ပင်၊ ကန့်ပလာ (၂၀၀၀) ပင် စသည့် သစ်မျိုးပေါင်း(၈)မျိုး စုစုပေါင်း ပျိုးပင်(၄၀၀၀၀) စိုက်ပျိုးထားရှိကြောင်း (၅)မိုင် ပျိုးဥယျာဉ်တာဝန်ခံ တောအုပ် ဇော်မင်း ထွန်း ထံမှသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)