ကျောက်ဆည် ဧပြီ၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ရောဂါကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက်(၇)နာရီက ဈေးရောင်းချသူများ၊ အလုပ်သမားများနှင့် ဈေးဝယ်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်မှုဖြင့် Mask အခု(၁၀၀၀) အသုံးပြုကာ Campaing ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ Mask Campaing ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး လွင်မောင်စိုး၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးမြင့်အောင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုဦးစီး ဦးကျော်မျိုးလွင်နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဈေး တာဝန်ခံများမှ ဈေးအတွင်း ဈေးရောင်းချနေသူများ၊ ဈေးဝယ်လာရောက်သူများ၊ ဈေး အတွင်းရှိ ကုန်တင်၊ ကုန်ချ အလုပ်သမားများနှင့် ယာဉ်မောင်းများအား Mask အခု(၁၀၀၀)ဝေငှခဲ့ပြီး၊ Mask များစနစ်တကျတပ်ဆင်ကြရန် လိုက်လံနှိုးဆော်ပြီး Mask Campaing ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးကြီးသည် အကျယ်(၁၀.၁၅)ဧက ကျယ်ဝန်းပြီး ဈေးဆိုင် ခန်းပေါင်း(၉၆၈)ခန်းနှင့် ပျံကြဈေးသည် (၁၆၀၀)ဦးကျော် ဈေးရောင်းချနေသည့် ဈေးကြီးတစ်ဈေး ဖြစ်ကြောင်း သိရှိရသည်။ သက်မောင်(ကျောက်ဆည်)