မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ( ၂ ) ဦးအောင်ချိန် မကွေးတိုင်းဒေသကြီးအတွင်းရှိ နောက်ဆုံးနှစ် သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မကွေး           ဧပြီ               ၂၅  

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်( ၂ ) ဦးအောင်ချိန်သည် ယနေ့နံနက်ပိုင်းက မကွေးမြို့၊ မကွေးတက္ကသိုလ်အစည်းဝေးခန်းမတွင်ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ ကောလိပ်များတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးနှစ်သင်တန်းများ ၊ မဟာဘွဲ့သင်တန်းများ ဖွင့်လှစ်နိုင်ရေး နှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ထိုသို့အမှာစကားပြောကြားရာတွင် ပညာရေးဌာနမှဝန်ထမ်းများ ၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိတက္ကသိုလ်/ကောလိပ်ကျောင်းများမှပါမောက္ခချုပ်နှင့်ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ/ ဆရာမအားလုံးကိုတွေ့ရှိရ၍ ဝမ်းသာပါကြောင်း ၊ မိမိတို့ဌာန ၊ မိမိတို့တက္ကသိုလ် / ကောလိပ်ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ တစ်ဦးတစ်ယောက်ထဲ လုပ်၍မရကြောင်းအားလုံး ပူးပေါင်းဆောင်ရွက် မှသာလုပ်ငန်းများအောင်မြင် မှာဖြစ်ပါကြောင်း၊လတ်တလောဖြစ်ပေါ်နေတဲ့covid–19ရောဂါကူးစက်မှုအခြေအနေများကြောင့် တက္ကသိုလ်/ ကောလိပ်ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါcovid-19 ရောဂါကူးစက်မှုလျော့နည်းလာပြီဖြစ်၍ ပိတ်ထားသည့် တက္ကသိုလ်/ ကောလိပ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ထားရမှာဖြစ်ပါကြောင်း ၊ ပြင်ဆင်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ် ထားသော covid-19 ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီပြင်ဆင်ပြီး စနစ်တကျ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် တက္ကသိုလ် / ကောလိပ် ကျောင်းများမှ ပါမောက္ခချုပ်များ ၊ ကျောင်းအုပ်ဆရာကြီးများက တက္ကသိုလ် / ကောလိပ်ကျောင်းများ၌   ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် နောက်ဆုံးနှစ်သင်တန်းများ ၊ မဟာဘွဲ့ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်