ပုဏ္ဏားကျွန်းမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးသစ်ဖွင့်လှစ်

ပုဏ္ဏားကျွန်း           ဧပြီ     ၂၅

သယံဇတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပုဏ္ဏားကျွန်းမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပုဏ္ဏား ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းတက်ရောက် အဖွင့်အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်းကြားရေးမှူး ဦးဦးသန်းမြင့်က ရုံးသစ်ဖွင့်လှစ် ပေးရခြင်းနှင့် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ ရှင်းလင်း ပြောကြားသည်။

အဆိုပါ ရုံးသစ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယာယီဖွင့်လှစ် ထားရှိပြီး မြို့နယ်တာဝန်ခံအဖြစ်   ဒုတိယဦးစီးမှူးဦးသန်းဝင်းသိန်း နှင့် ဝန်ထမ်းအင်အားလေးဦးဖြင့်ဖွဲ့ စည်းထားရှိသည်။  ထို့ပြင် ရခိုင်ပြည်နယ်အတွင်ရှိ အလုပ်ငန်းများလွယ်ကူချော့မွေ့စေရန်အတွက် မေလ ၅ ရက်နေ့ တွင် သံတွဲမြို့နယ်ရုံး နှင့် မေလ ၇ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ရုံးများကို တိုးချဲ့ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)