စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ စက်မှုဇုန်အတွင်း လောင်စာတောင့် စက်ရုံအနီး မီးလောင်မှုဖြစ်ပွား

ရွှေဘို     ဧပြီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရွှေဘိုမြို့ တွင် ယနေ့နံနက် ၅ နာရီခန့်အချိန်တွင် ရွှေဘိုမြို့မီးသတ်စခန်းနှင့် ၃ မိုင်ခန့်အကွာ စက်မှုဇုန်အတွင်း ၊ သိရိသခ်လမ်းနှင့် ရွှေမာလာလမ်းထောင့်ရှိ ဦဖြိုးသူရ ပိုင်ဆိုင်သော  " ရွှေဘိုမျိုးမြတ်မွန် " လောင်စာတောင့် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များဦးဆောင်၍  ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅နာရီ ၄၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပါသည်။

မီးလောင်မှုဖြစ်စဥ်မှာ အဆိုပါလောင်စာတောင့်စက်ရုံအတွင်းရှိ စပါးခွံ လောင်စာတောင့် များအနီး စုပုံထားသည့် ပီနံအိတ်များ  အောင်းအပူဖြစ်ကာ အပူလွန်ကဲ၍ မီးလောင်ရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပီနံအိတ်ခွံလုံးရေ ၂ သောင်းခန့်  စုစုပေါင်းတန်ဖိုး ကျပ်တစ်သိန်းခန့်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရှိရပါသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆသူဦးဖြိုးသူရအား ရွှေဘိုမြို့နယ် မြို့မရဲစခန်းမှ အမှုဖွင့်ကာ အရေးယူဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 ခရိုင် ပြန်/ဆက်