မြောက်ဦး ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ တိုက်ရှောင်စခန်းများသို့ တစ်ကိုယ်ရေသန့် ရှင်းရေးနှင့်ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို(ICRC) အပြည် ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ က အဆိုပါတိုက်ပွဲရှောင်နေရာများသို့ သွားရောက်ပြီး ကျန်းမာအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ တစ်ကိုယ်ရေသန့်ရှင်းရေးကျန်းမာရေးအသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို မြို့ပေါ်ရပ် ကွက်များအတွင်းရှိ အောင်စေတီ တိုက်ပွဲရှောင်စခန်း၊ နရတ်စား တိုက်ပွဲ ရှောင်စခန်း၊ သျှစ်သောင်း တိုက်ပွဲရှောင်စခန်း၊ ကျောက်ရာဇ်ကေ တိုက်ပွဲရှောင်စခန်း၊ ဘုရားပေါ် တိုက်ပွဲရှောင်စခန်းစသော နေရာများသို့သွားရောက်ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက တိုက်ပွဲ ရှောင်စခန်းများရှိ ပြည်သူများ၏ တစ်ကိုယ် ရည်သန့်ရှင်းရေး၊ ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာနည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထား သောစည်းကမ်းချက်များအားတိကျစွာလိုက်နာကြရန်အတွက် ဆောင်ရန် /ရှောင်ရန်အချက်များ၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆) ပေအကွာမှသာ ပြောဆိုနေထိုင်ဆက်ဆံစေခြင်း၊ လက်သန့်ဆေး ရည်ဖြင့် စက္ကန့် ၂၀ ကြာအောင် လက်ကိုစနစ်တကျဆေးကြောခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း များအား နေအိမ်ပြင်ပသို့ထွက်တိုင်း Mask များတပ်ဆင်သွားလာကြရန်စသော ကျန်းမာရေးကြို တင်ကာကွယ်ရေးဆိုင်အသိပညာပေးဟောပြောခြင်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
ခင်မောင်ထွန်း(ပြန်/ဆက်)